တန့်ယန်းမြို့နယ်တွင် သမဝါယမဦးစီးဌာနမှ ရေထွက်ကုန်ပစ္စည်း ငါး၊ ပုဇွန်များ ဖြန့်ဖြူးရောင်းချ

တန့်ယန်း  မေ  ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့ ပူးပေါင်း၍ ဆောင်ရွက်သည့် အမြတ်မယူ အရင်းမပျောက် အစီအစဉ်ဖြင့် ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ငါးမျိုးစုံနှင့် ပုဇွန်များအား ယမန်နေ့က ပဥ္စမအကြိမ်အဖြစ် မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးမျိုးစုံနှင့် ပုဇွန်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးကာလအတွင်း အခြေခံစားသုံးသူ သမဝါယမအသင်းသား အသင်းသူများ စျေးနှုန်းသက်သာစွာ စားသုံးနိုင်ရေးအတွက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းနှင့် မြို့နယ်သမဝါယမ အသင်းစု ဥက္ကဋ္ဌ ဦးစိုင်းကျော်နီတို့က ကြီးကြပ်ကာ ငါးမျိုးစုံနှင့်ပုဇွန် (၅၅၀)ပိဿာကို ရောင်းချပေးခဲ့ပြီး ဆက်လက်၍လည်း ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)