မောက်မယ် သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အား COVID-19 ကာလအတွင်း ပြည်သူများ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ကို မောက်မယ်မြို့နယ် ၊ ပန်းတန်ကျေးရွာအုပ်စု ၊ လွိုင်ဆမ်ဆစ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေသခံပြည်သူ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လင်းခေးခရိုင် ကျေးလက်ဒေသ ဖွိ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးဇော်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းက ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း (VRFP) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက (VRFP) စီမံကိန်းဆောင်ရွက်သော ပန်းတန်ကျေးရွာအုပ်စု လွိုင်ဆမ်ဆစ်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း ၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ရန် အိမ်ထောင်စု (၅၂) စု အတွက် ငွေကျပ် သိန်း(၃၀၀) ကိုထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)