လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆)လုံးပြိုကျပြီး၊နေအိမ်(၆)လုံး အမိုးလန်

ကျောင်းကုန်း   မေ   ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်()လုံး ပြိုကျကာ ()လုံး အမိုးလန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောင်းကုန်းမြို့နယ်  သဲကုန်အုပ်စု၊ ကျွန်းကလေးကျေးရွာတွင် နေအိမ်()လုံးပြိုကျပြီး၊ နေအိမ်()လုံး အမိုးလန်သွားခဲ့သည်။
ကြီးအုပ်စု၊ ကညင်ပင်ကျေးရွာတွင် နေအိမ်()လုံးပြို၊ ဗြိုက်ကြီးကုန်းကျေးရွာတွင် နေအိမ်()လုံးပြိုကျကာ နေအိမ်()လုံး အမိုးလန်သွား ခဲ့ကြပြီး၊ စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုး(၁၃)သိန်းကျော်ဖြစ်ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်းမြို့နယ် ထွေ/အုပ်ရုံးက သိရသည်။

လွန်ခဲ့သော မေလ()ရက်နေ့  ညနေကလည်း လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်()ခု၊ ကျေးရွာ(၁၂) ရွာမှ နေအိမ်()လုံး ပြိုကျကာ နေအိမ် (၃၅)လုံး အမိုးလန်သွားခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုတန်ဖိုး(၄၅)သိန်း ကျော်ဖြစ်ကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)