မလှိုင် မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် လက်စွေ့ကျေးရွာအုပ်စု၊ ရေဝန်းကျေးရွာတွင် မေ ၁ဝ ရက်နေ့နံနက်(၇)နာရီအချိန်ကလေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်(၃)လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည် ။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ရေဝန်းကျေးရွာ၌ ၄ပင်×၃ပင် သွပ်မိုး၊ထရံကာလူနေ နှစ်ထပ်အိမ် မှ သွပ်(၁၇)ချပ် နှင့်ဒိုင်း(၁၁)ချောင်း၊ ၄ပင်× ၃ပင် သွပ်မိုး၊ နံကပ် တစ်ထပ်တိုက် လူနေအိမ် မှ သွပ်(၃၅)ချပ် နှင့် ဒိုင်းမျှား(၂၂)ချောင်း၊ ၄ပင်× ၃ ပင် သွပ်မိုး၊ ထရံကာ လူနေအိမ်မှ သွပ်(၁၂)ချပ် အမိုးလန်ပျက်စီးခဲ့ ကြောင်းသိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် တန်ဘိုးငွေ ( ၉၅၅၈၀၀) ကျပ်ဆုံးရှုံးခဲ့ပြီးအခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်းသိရသည် ။
အောင်ဌေး