၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ မြေစိုက်နံရံကပ်ပြဘုတ်၌ပြသထားရှိ

မိုးနဲ    သြဂုတ်    ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ လမ်းညွှန်ချက်များ၊ သိမှတ်ဖွယ်ရာများကို ပြည်သူများအလွယ်တကူ ဖတ်ရှု လေ့လာနိုင်ရန် ရည်ရွယ်၍ ယနေနေ့ နံနက် ၉ နာရီအချိန်က ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်း စရာများဖြစ်သည့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်စာရင်း ပါဝင်ပါသလား အသိပညာပေး ပိုစတာများ၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းများဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ အသိပညာ ပေးလက်ကမ်းစာစောင်နှင့် မိုးနဲမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လှုပ်ရှားမှု သတင်းမှတ်တမ်းများ စသည်တို့ကို ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)