တန့်ယန်း သြဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ယမန်နေ့က ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။
အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပထမ အကြိမ် ကြေညာကပ်ထားပြီးဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစံအေးနှင့် တာဝန်ရှိသူများသည် မိုင်းကောင်၊ လွယ်ဆေး၊ ပါစန်၊ ဟိုမန်း ကျေးရွာများသို့ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ''မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား'' ဆိုသည့် အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်စာရင်းကို ပထမအကြိမ် ကြေညာ ထားရာ စုစုပေါင်း (၁၁၅၄၉၈)ဦး ရှိကြောင်းနှင့် အောက်တိုဘာလတွင် ဒုတိယအကြိမ် ထပ်မံ၍ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)