ကျေးသီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျေးသီး သြဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံး၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် ပထမအကြိမ်မဲ ဆန္ဒရှင် စာရင်း ကပ်ထားကြေညာထားရှိမှုများကို မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများက ကျေးသီးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအနေဖြင့် မဲစာရင်းတွင် အမည်မပါဝင်မှုများ၊ ကိုယ်ရေး အချက်အလက် မှားယွင်းနေမှုများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။

သဲစုပိုင်(ပြန်/ဆက်)