မိုင်းခတ် မတ် ၂၉
ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား ၁၄ ရက်တာ စောင့်ကြပ်ကြည့်ရှုခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ (အ.ထ.က) မိုင်းခတ်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို စနစ်တကျ စာရင်းမှတ်တမ်းရေးသွင်းခြင်း အမျိုးသား၊ အမျိုးသမီး အဆောင်များခွဲ၍ နေရာချထား ပေးခြင်းနှင့် နေထိုင်စားသောက်ရေးအတွက် စနစ်တကျ ပြင်ဆင်ထားရှိပေးထားပါကြောင်းနှင့် လုံခြုံရေးဆိုင်ရာများအတွက် အပြင်စည်း၊ အတွင်းစည်းများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သီးခြားထားရှိသည့် ပြည်ပမှပြန်လာသူများ၏ ကျန်းမာရေးဆိုင်ရာများကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ နေ့စဉ်စောင့်ကြည့် စစ်ဆေးပေးသွားမှာဖြစ်ပြီး သံသယဖြစ်ဖွယ် လူတွေ့ရှိပါက PPE ဝတ်စုံအပြည့်အစုံဝတ်၍ အရေးပေါ်ယာဉ်ဖြင့် ဆေးရုံသို့ အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးဒေ(ပြန်/ဆက်)