စဉ့်ကိုင် သြဂုတ် ၇
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ဝယ်ယူသည့် အရန်ရိက္ခာစားအုံးဆီများကို စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချူပ်ရေးဉီးစီးဌာနရှိ ပြည်သူဝင်ဆောင်မူရုံး (OSS) တွင် အရန်ရိက္ခာဆီပုံးများကို စတင်လက်ခံသိုလှောင်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အရန်ရိက္ခာစားအုန်းဆီများကို သိုလှောင်ရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီစဉ်ဖြင့် စဉ့်ကိုင်မြိုနယ်တွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုး (အဖွဲ့ခေါင်းဆောင်) အဖြစ် လက်ခံသိုလှောင်ရေးကြီးကြပ်မှုအဖွဲ့များကို ဖွဲ့စည်းပေးထားပြီး ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုမြင့်မားလာလျှင် ပြည်သူလူထု စားနပ်ရိက္ခာအခက်အခဲရှိသည့်အချိန်၌ စားနပ်ရိက္ခာအဆင်ပြေစေရန် သိုလှောင်ထားခြင်းဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ၏ စီစဉ်မှုနှင့်အတူ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ကိုဗစ် − ၁၉ရောဂါ ပြန့်ပွားမူနှုန်းမြင့်မားလာပါက ပြည်သူများ ဖြန့်ဖြူးနိုင်ရေးအတွက် (၉) ပိဿာဆံ့ အရန်ရိက္ခာဆီပုံး (၁၉၂၂) ပုံးကို လက်ခံသိုလှောင်ရေးအဖွဲ့မှ လက်ခံသိုလှောင်ထားလျှက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဆင့်ထံက သိရသည်။
အောင်ပိုင်ပိုင်ကျော်