မြန်အောင်၌ မိုးရွာသွန်းမှုကြောင့် သစ်ပင်ကြီး နှစ်ပင် အမြစ်လန်၍လဲကျ

မြန်အောင်  ဩဂုတ် ၇

မြန်အောင်၌ မိုးရွာသွန်းမှုကြောင့် ယနေ့ နေ့လယ်က မြန်အောင်မြို့ အမှတ်(၅) ရပ်ကွက် တာကြီးတန်းလမ်းရှိ ညောင်ပင်နှင့် အမှတ်(၁)ရပ်ကွက် ပြည် သူ့ဆေးရုံဝန်းအတွင်းရှိ မလေးရှားပိတောက်ပင်တို့ အမြစ်မှလန်၍ လဲကျခဲ့ကြောင်းသိရသည်။

အမှတ်(၅)ရပ်ကွက် တာကြီးတန်းလမ်းရှိ (အလျား ၆၀ ပေခန့်၊ လုံးပတ် ၁၅ ပေ ခန့် )ရှိ ညောင်ပင်နှင့် မြန်အောင်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ( အလျား ၄၅ ပေခန့်၊ လုံပတ် ၄ ပေခန့်) ရှိ မလေးရှားပိတောက်ပင်တို့မှာ အမြစ်မှလန်၍ လဲကျခဲ့သောကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှု မဖြစ်စေရန် ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)