မိုင်းလုံ ဩဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် အသက် (၅) နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချ ဆေးများကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ယနေ့နံနက် (၉) နာရီအချိန်က စတင်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးရာတွင် မိုင်းလုံမြို့ ဈေးရပ်ကွက်၊ ခန္တီရပ်ကွက်၊ နမ့်ပိန်ရပ်ကွက်အတွင်းရှိ ကလေး များကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းမြဟန်နှင့်ဝန်ထမ်းများက ဆေးတိုက်ခြင်းနှင့် ကလေးများ၏ ကိုယ် အလေးချိန်များကိုလည်း စနစ်တကျ ချိန်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရာ ယခုလိုဆောင်ရွက်ရခြင်းဖြင့် ကလေးငယ်များ အာဟာရချို့တဲ့မှုကို ကာကွယ်ပေးခြင်း၊ သွေးအားနည်း ရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်ကာ သွက်လက် ထက်မြက်စွာ လှုပ်ရှားသွားလာ နိုင်ရေး စသည့် အကျိုးကျေးဇူးများ ရရှိခြင်းကို ဆေးလာရောက်တိုက်ကျွေးသော မိဘများအား ရှင်းလင်းပြောကြားပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာများတွင်လည်း ဆက်လက်တိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)