ပြည်ကြီးတံခွန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များလိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှုနှင့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှု (၇) ရက်ထပ်တိုး

ပြည်ကြီးတံခွန် ဩဂုတ် ၇

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှုနှင့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှု (၇) ရက်ထပ်တိုးထားကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းက ပြောကြားသည်။

"ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ ရပ်ကွက် (၁၈) ရပ်ကွက် ရှိပါတယ်၊ သက်ဆိုင်ရာရပ်ကွက်များအလိုက် မဲစာရင်းများကပ်ထားကြေညာနေပါတယ်၊ ပထမအကြိမ် မဲစာရင်းများကို  ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ကပ်ထားကြေညာခဲ့ပါတယ်၊ မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များလိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှုနှင့်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှုကို ဩဂုတ် ၈ ရက်မှ ၁၄ ရက် အထိ (၇) ရက် ထပ်မံတိုးမြင့်ကပ်ထားကြေညာပေးသွားမှာဖြစ်ပါတယ်"ဟု ၎င်းကဆက်လက်ပြောကြားသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် လက်ရှိလျာထားစာရင်းများအရ မဲရုံပေါင်း (၆၆) ရှိပြီး မဲဆန္ဒရှင်ဦးရေ (၁၆၀၆၂၀)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ လက်ရှိပြုစုထားသော စာရင်းများအရသိရပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းများ ပိုမိုပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ကန့်ကွက်မှုနှင့်ပြင်ဆင်ဖြည့်စွက်မှုများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)