နမ္မတူမြို့နယ်၊ နားကျဲကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး (RS-CS) မျိုးစေ့ထုတ် စိုက်ခင်းများ စနစ်တကျစိုက်ပျိုးဆောင်ရွက်

နမ္မတူ   ဩဂုတ်  

 

နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ ဆောင်ရွက်သော မိုးစပါး (RS-CS) မျိုးစေ့ထုတ်စိုက်ခင်များ စနစ်တကျ စိုက်ပျိုးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နားကျဲကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ကာလအတွင်း စပါးစိုက် တောင်သူများအား ဝင်ငွေတိုးတက်ရရှိစေခြင်းဖြင့် စားဝတ်နေရေးအခက်အခဲမရှိစေရန်၊ ဒေသနေ လက်လုပ်လက်စား စိုက်ပျိုးလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ တောင်သူများ တစ်ပိုင်တစ်နိုင် မျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်းစနစ်များ ကျွမ်းကျင်တတ်မြောက်စေရန်၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ ဖြန့်ဝေခြင်းဖြင့် ဝင်ငွေခိုင်မာတိုးတက် ရရှိမှုကို လက်တွေ့ ကျကျသိရှိလာစေရန်နှင့် ဒေသအတွင်း မျိုးကောင်းမျိုးသန့် စိုက်ခင်းများ တိုးတက် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ နားကျဲကျေးရွာ တောင်သူဦးအိုက်ထွန်း၏ လယ်မြေ (၂) ဧက တွင် မျိုးကောင်းမျိုးသန့် မိုးစပါး (RS-CS) မျိုးစေ့ထုတ် ပျိုးပင်များအား ခြောက်တန်းကို တစ်တန်း လှပ် စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့သည်။

နမ္မတူမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဌာနမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများက ၎င်းစိုက်ခင်းများသို့ ကွင်းဆင်း၍ နည်းစနစ်မှန်ကန်စွာစိုက်ပျိုးနိုင်စေရေး၊ နည်းပညာပိုင်းနှင့် လိုအပ်သည်များကို ပေါင်းစပ် ကူညီပေးခဲ့ပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ နမ္မတူမြို့နယ်၌ မျိုးကောင်းမျိုးသန့် မိုးစပါး (RS-CS) မျိုးစေ့ထုတ်စိုက်ခင်း (၁၀)ဧက စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)