ဟိုပုံး ဩဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် အသက်(၆)လမှ ၅နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းနှင့် အသက်(၂)လမှစ၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဩဂုတ်လ (၇)ရက်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေးရာတွင် " ကလေးများသန်မာဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ သန်ချဆေးကို တိုက်ကျွေးစို့ " ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များအား အာဟာရချို့တဲ့မှုကို ကာကွယ်ပေးခြင်း ၊ သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း ၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်ကာ သွက်လက်ထက်မြက်စွာ လှုပ်ရှားသွား လာနိုင်ရေး အကျိုးကျေးဇူးများရရှိရန် ရည်ရွယ်ပြီး ဟိုပုံးမြို့ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ တာဝန်ခံဆရာမများနှင့် တာဝန်ရှိသူများတို့က မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာနနှင့် မြို့ပေါ်(၆)ရပ်ကွက်ရှိ ဆိုင်ရာစုရပ်များအသီးသီးတွင် ယနေ့နံနက်ပိုင်းမှစ၍ ဩဂုတ်လကုန်ထိ တိုက်ကျွေးပေးမည်ဖြစ်ကြောင်း သိရသည်။
နန်းခမ်းခြူး (ဟိုပုံး)