တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံထိခိုက်ပျက်စီးသည့် တောင်သူများအား ထောက်ပံ့ ငွေများပေးအပ်

တံတားဦး  မေ ၁၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခုနှစ် မိုးရာသီ၌ ဧရာဝတီမြစ်ရေနှင့် ပန်းလောင်မြစ်ရေ လျှံတက်ခြင်းတို့ကြောင့် သီးနှံများ ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး သန်းနိုင်ဦးက အမှာစကားပြောကြားပြီး၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က  ၂၀၁၉-၂၀၂၀ ခုနှစ် မိုးရာသီ ဧရာဝတီမြစ်ရေနှင့် ပန်းလောင်မြစ်ရေ လျှံတက်ခြင်းတို့ကြောင့် သီးနှံများထိခိုက် ပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာတွင် သီးနှံထိခိုက်ပျက်စီးမှု ()မျိးရှိပါကြောင်း၊ ရေကြီးနစ်မြှပ်မှုကြောင့် ပျက်စီးခြင်း၊ မိုးလို မိုးနည်းခြင်းတို့ကြောင့် ပျက်စီးခြင်း၊ ပိုးမွှားအန္တရာယ်ကြောင့် ပျက်စီးခြင်း၊ အခြား အကြောင်းကြောင့် ပျက်စီးခြင်းတို့ဖြစ်ကြောင်း သဘာဝဘေးကြောင့် ထိခိုက်မှုရှိသည့် တောင်သူများ အနေဖြင့် အချိန်မီစာရင်းပြုစု တင်ပြရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သီးနှံများ ထိခိုက် ပျက်စီးသည့် တောင်သူများကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

တံတားဦးမြို့နယ်အနေဖြင့် မိုးရာသီ ဧရာဝတီမြစ်ရေလျှံတက်ခြင်းကြောင့် ထိခိုက်ပျက်စီးသည့် ကျေးရွာများမှာ တပယ်ကျေးရွာတွင် အခြားသီးနှံ (၃၂)ဧက၊ မြေငူကျေးရွာတွင် အခြားသီးနှံ (၁၂၃) ဧက၊ ဆင်တဲကျေးရွာတွင် စပါး(၅၃)ဧက၊ ကူတိုးဆိပ်ကျေးရွာတွင် စပါး(၂၈)ဧက၊ ပန်းလောင်မြစ်ရေ လျှံတက်ခြင်းကြောင့် ထိခိုက်ပျက်စီးသည့် စကားအင်းကျေးရွာမှ အခြားသီးနှံ (၂၇)ဧကတို့ဖြစ်ပြီး စုစုပေါင်း စပါး(၈၁)ဧက၊အခြားသီးနှံ (၁၈၂)ဧက ဖြစ်ကြောင်းနှင့် စပါးတစ်ဧကလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀)နှင့် အခြားသီနှံအတွက် တစ်ဧကလျှင် ငွေကျပ် (၅၀၀၀) ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း တံတားဦး မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့် ထံမှသိရသည်။

ရဲတင့်(တံတားဦး)