လယ်ဝေးမြို့တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

လယ်ဝေး      ဩဂုတ်  ၇

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ကျင်းပပြုလုပ်သည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက လယ်ဝေးမြို့ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းနှင့် ဇနီး ဒေါ်မိမိအုန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီ မင်းနှင့်ဇနီး ဒေါ်ဖြူဖြူစိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေနိုင်နှင့် ဝန်ထမ်းမိသားစု များ၊ ဧည့်ပရိသတ်များက “နမော တဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့ပြီး လယ်ဝေးမြို့၊ ဘုရားကြီးကျောင်းတိုက် ပဓါနနာယက ဆရာတော်ဘဒ္ဒန္တ အရိယဝံသ မဟာဂန္ဓဝါစက ပဏ္ဍိတထံမှ ဧည့်ပရိသတ် များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူသည်။

ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု (၁,၃၁၆,၄၀၀)ကျပ်ကို ညွှန်ကြား ရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုများ၊ တာဝန်ရှိသူများက ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် အလှူတော်မင်္ဂလာ အခမ်း အနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို၍  အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)