ပြည်သူများ စာ‌ပေဖတ်ရှု‌လေ့လာ အခမဲ့ငှားရမ်းနိုင်ရန်အတွက် မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက် စာငှား/စာဖတ်ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

မြိတ်      မေ      ၁၈

ပြည်သူများ စာပေအသိပညာတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ် စာပေများကို စဉ်ဆက်မပြတ် ဆက်လက် လေ့လာဖတ်ရှုငှားရမ်းနိုင်ရန် ရည်ရွယ်၍ မြိတ်မြို့ အထက()ကျောင်း လမ်းရှိ မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက်အား ပြန်လည်ဖွင့်လှစ်၍ စာဖတ်စာငှားဝန်ဆောင်မှုလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်အား အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နေ့စဉ် နံနက်()နာရီမှ ညနေ ()နာရီခွဲ အထိ ဖွင့်လှစ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ သုတ/ ရသ စာအုပ်/စာစောင်များကို စင်ဖွင့်စနစ်ဖြင့် ဖတ်ရှုလေ့လာနိုင်ပြီး အခမဲ့အသင်းဝင်၍ အခမဲ့ ငှားရမ်းပေးလျက် ရှိသည်။ ထို့အတူ  နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ၊ အခြား သတင်းဂျာနယ် စာစောင် များနှင့် လစဉ်ထုတ် မဂ္ဂဇင်းစာအုပ်များ၊ အပျော်ဖတ်ဝတ္ထုများ၊ ရုပ်ပြစာအုပ်များကို စနစ်တကျလေ့လာ ဖတ်ရှုနိုင် ကြောင်း သိရသည်။

ပြည်သူစာကြည့်တိုက်ရှိ သုတ/ရသစာအုပ်စာစောင်များကို လာရောက်ငှားရမ်း ဖတ်ရှုရာ၌ မိမိတို့ ကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် သုတစာအုပ်(၁၀၆၃၁) အုပ်၊ ဝတ္ထုစာအုပ် (၈၁၉)အုပ် မဂ္ဂဇင်းစာအုပ်(၂၀၈၇)အုပ်၊ ဂျာနယ်(၁၃၅၉)စောင်၊ ကလေးကြိုက်ရုပ်ပြစာအုပ် (၆၃၅) အုပ်၊ စုစုပေါင်း (၁၅၅၃၁)အုပ်ရှိ ကြိုက်နှစ်သက်ရာစာအုပ်ကို စင်ဖွင့်စနစ်ဖြင့် မည်သူမဆို အခမဲ့ လာရောက် ငှားရမ်း ဖတ်ရှုနိုင်ပြီး မြိတ်ဒေသဆိုင်ရာ ပြတိုက်ငယ်အား လေ့လာကြည့်ရှုနိုင်ကာ ကလေးစာဖတ်ခန်းတွင် ကလေးစာပေများ၊ ဉာဏ် စမ်း ဗဟုသုတပစ္စည်းများ အသုံးပြုနိုင်ကြောင်းနှင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များလည်း လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )