ပင်လောင်းမြို့နယ်၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်

ပင်လောင်း     ဩဂုတ်               

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးသူငယ် များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရင်းမှီးရပ်ကွက်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အသက်နှစ်လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအား ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ပြင်းထန် အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးရောဂါများအတွက် ပုံမှန်ကာကွယ်ဆေးများ ထိုးခြင်းနှင့် ဆေးတိုက်ကျွေး ခြင်း လုပ်ငန်းများကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနနှင့်  တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများရှိ စုစုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ခွန်အာကာစိုး (ပင်လောင်း)