ခိုင်ကမ်း မေ ၁၉
ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ဒေါက်တာလဲ့လဲ့ဝင်း (ဒဿနိကဗေဒ) ရေးသားထုတ်ဝေသည့် တွေးဖို့ဘာကြောင့်လိုတာလဲ စာအုပ်ဖြင့် စာပေချစ်သူများအဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် စာပေချစ်သူအဖွဲ့ဝင် ဒေါ်ပီးပီးမှ ပြုစုပျိုးထောင်သင့်တဲ့အရာတွေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေ ချစ်သူဦးဂျိုးဇက်မှ တန်ဖိုး၊ အမူအကျင့်နှင့် ပညာခေါင်းစဉ်ဖြင့် လည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက စာဖတ်ဝိုင်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများ လိုက်နာကျင့်သုံးကာ စာချစ်သူများနှင့် အပတ်စဉ်၊ လစဉ် စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပြီး စာပေချစ်သူများ၏ ဖတ်ရှုသွားသည့် စာပါ အကြောင်းအရာများကို မိမိတို့လေ့လာ မှတ်သားခဲ့သည့် ရှုထောင့်အသီးသီးမှ ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)