ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

လောက်ကိုင်                 မေ                  ၁၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်းကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ၊  လောက်ကိုင်မြို့နယ် ရုံး၌ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးသည့်  အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေး အပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့  ဉက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်  ဦးခင်မောင်လွင်မှ  အဖွင့်အမှာစကားပြောကြားခဲ့ပြီး  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လောက်ကိုင်ခရိုင်ဦးစီးမှှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်မှ  နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရခြင်း နှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။  ထိုနောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ လောက်ကိုင်ခရိုင်ဦးစီးမှူး  ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်၊ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်ချောချောအေး၊ လောက်ကိုင်မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုသန်းတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၀) ကို အသီးသီး ပေးအပ်ခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် မိဘပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ လောက်ကိုင်မြို့ပေါ်ရပ်ကွက်()ခု၊ ကျေးရွာ အုပ်စု()စုရှိ အသက်(၁၆)နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၂၇၆၇ ဦးတို့၏ တစ်ဦးချင်း အမည်စာရင်းအား  သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုများသို့ စာရင်းပြုစုပေးပို့ပြီး  အမှန်တကယ်နေထိုင်ခြင်း  ရှိ/မရှိစိစစ်ကာ  ကိုင်ဆောင် သင့်သည့်  ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးဆက်    လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း   သိရသည်။

နန်းမြမြဝင်း