ဒက္ခိဏခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်  ဩဂုတ်  ၇

ဒက္ခိဏခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ဌေးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကော်မတီဝင်များနှင့် လူမှုရေး အသင်း အဖွဲ့များအားလုံး ပူးပေါင်း၍ ပြည်သူလူထုအတွင်း ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အသိပညာပေးခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဒက္ခိဏခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝေဝေမာလှိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒက္ခိဏခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)