နောင်ချိုမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာဆောင်ရွက်ထားရှိမှုအား ပြည်သူများ ကြည့်ရှု့၍ အချက်အလက်မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား

နောင်ချို                 သြဂုတ်  ၇  ရက်

ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာများအလိုက် ဇူလိုင်လ(၂၅) ရက်နေ့မှ  သြဂုတ်လ(၇)ရက်နေ့အထိ မဲဆန္ဒရှင်အမည်စာရင်းများ ပထမအကြိမ်ကပ်ထားကြေငြာခြင်းကို ရပ်ကွက် ကျေးရွာအတွင်းရှိ ပြည်သူများက လာရောက်ကြည့်ရှုပြီး အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် သြဂုတ်လ ၆ ရက်နေ့အထိ မဲဆန္ဒရှင်အမည်စာရင်းမျာ းပထမအကြိမ် ကပ်ထားကြေညာ ဆောင်ရွက်ထား ရှိမှုအပေါ် ပြည်သူ(၁၂၃၂၀) ဦးခန့် လာရောက်ကြည့်ရှုကြပြီး မဲစာရင်းတွင်အမည်စာရင်း ထည့်သွင်းပေးရန်ပုံစံ (၃) ဖြင့် လျှောက်ထားသူ (၈၃၂) ဦး၊ ကန့်ကွက်လွှာပုံစံ(၄)ဖြင့် လျှောက်ထားသူ(၂၇၉)ဦး၊ အချက်အလက်ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ (၂၃၆) ဦး ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်မောင်ချင်း ထံမှ သိရှိရသည်။

နောင်ချိုမြို့နယ်၌ ပထမအကြိမ် ကပ်ထားကြေငြာသည့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသော မဲဆန္ဒရှင် (၉၉၈၃၇) ဦး ရှိပြီး မဲရုံပေါင်း (၈၃)ရုံ ရှိကြောင်း သိရသည်။

ထွေးငယ်( နောင်ချို၊ ပြန်/ဆက်)