ညောင်ဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက လျင်မြန်စွာတုံ့ပြန်ဖြေရှင်းနိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများလေ့ကျင့်ဆောင်ရွက်

ညောင်ဦး  ဩဂုတ်  ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုမရှိစေရေး အချိန်နှင့်တပြေညီး တုံ့ပြန်ဖြေရှင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနရှိ ရှာဖွေကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်း ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျှက်ရှိရာ တပ်ဖွဲ့ဝင်များကိုလည်း အသင်စုဖွဲ့ထားရှိပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက ချက်ခြင်းတုံ့ပြန်ကူညီကယ်ဆယ်နိုင်ရန် အသင့်အနေအထားရှိနေကြောင်း ညောင်ဦးခရိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်ကပြောကြားသည်။

ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ဆုံးရှုံးမှုများ မဖြစ်စေရန် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ကူညီရှာဖွေကယ်ဆယ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်တွေကို အသင့်စုဖွဲ့ထားရှိပြီး သဘာဝဘေးကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင့်ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေလုပ်ဆောင်နေကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလေ့ကျင့်ရာမှာ တပ်ဖွဲ့တစ်ဦးချင်းစီကနေ ကျွမ်းကျင်မှုရှိပြီး တပ်ဖွဲ့လိုက် ကျွမ်းကျင်မှုရှိစေရန် အနီးကပ်ကြီးကြပ်ပြီး လေ့ကျင့်သားပြည့်ဝအောင်ဆောင်ရွက်ထားတာဖြစ်ကြောင်း ပြည်သူတွေအနေနှင့်လည်း မိမိတို့နယ်မြေမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ညောင်ဦးခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့အကူအညီတောင်းခံနိုင်ပြီး အကြောင်းကြားလာကူညီတောင်းခံမှုများအား ချက်ခြင်းသွားရောက်ပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ညောင်ဦးမြို့ နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြားသည်။

 ကိုထိန် ၊ KPD