ရိခေါ်ဒါရ် ဩဂုတ် ၉
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဩဂုတ် ၉ ရက် ယနေ့တွင် တစ်နိုင်ငံလုံး၌ ထုတ်ပြန်ကြေညာခဲ့ရာ ရိခေါ်ဒါရ်မြို့ စာစစ်ဌာနအနေဖြင့် အောင်ချက်ရာခိုင်နှုန်း ၁၈.၇၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်များထက် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရ သည်။
ရိခေါ်ဒါရ်မြို့ စာစစ်ဌာန၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၄ ဦးရှိခဲ့ရာ စာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၁၈.၇၅ ရှိကြောင်း၊ ယခင် ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူဦးရေ ၅၀ ဦးရှိပြီး စာမေးပွဲအောင်မြင်သူ ၇ ဦးရှိ၍ အောင်ချက် ရာခိုင်နှုန်း ၁၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ရာခိုင်နှုန်းသည် ယခင် နှစ်ထက် တိုးတက်လာပါကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)