ကယားပြည်နယ် ရွာသစ်မြို့ အထ‌ကျောင်း၏ တက္ကသိုလ်ဝင်တန်းအောင်ချက် (၁၆.၆၇) ရာခိုင်နှုန်းရှိ

ရွာသစ် ဩဂုတ် ၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုစာရင်းများကို ယနေ့နံနက်ပိုင်းက  ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ရာတွင် ဘောလခဲမြို့နယ် ရွာသစ်မြို့ အထကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၆) ဦး ဝင်ရောက်ဖြေဆိုကြပြီး အောင်မြင်သူ (၆) ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် (၁၆.၆၇) ရာခိုင်နှုန်း အောင်မြင်ကြောင်း ဂုဏ်ထူးရပထဝီဝင်ဘာသာရပ် (၂) ဦးရှိကြောင်း သိရသည်။

နန်းဆွေဆွေအေး(ပြန်/ဆက်)