ဖလမ်း သြဂုတ် ၉
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက် ၀၀ နာရီ ခွဲအချိန်က အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခဲ့ရာ ဖလမ်း မြို့နယ်အတွင်း အောင်ချက် ( ၂၈ ဒသမ ၆၉) ရာခိုင်နှုန်းရှိကြောင်း ဖလမ်းခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖလမ်းမြို့နယ်အတွင်း ကျောင်းသား/သူ (၁၁၅၇) ဦးက ဝင်ရောက်ဖြေဆိုရာ ကျောင်းသား/သူ (၃၃၂) ဦးအောင်မြင်ပြီး အောင်ချက် (၂၈ ဒသမ ၆၉) ရာခိုင်နှုန်းရှိသည်။ ဖလမ်းမြို့နယ်အတွင်း (၃) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၂) ဘာသာ ဂုဏ်ထူးရရှိသူ (၁၄) ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၅၁) ဦးရှိသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို သက်ဆိုင်ရာဌာနများတွင်လည်း သြဂုတ်လ ၁၀ ရက်နေ့တွင် ကပ်ထားကြေညာ မည်ဖြစ်ကြောင်း သိရသည်။
ဂျွန်