မိုင်းပန် ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ ဇွန်လ (၁) ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအသီးသီး၌ ကျောင်းများစတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၄) ရက်နေ့မှ (၃၁) ရက်နေ့အထိ သက်ဆိုင်ရာကျောင်းအသီးသီး၌ ကျောင်းအပ်နှံလက်ခံခြင်းများ ဆောင်ရွက်ခဲ့ပြီး ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းများကို ဖွင့်လှစ်ခဲ့ကြောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးမှ စာရင်းများအရ ဇွန်လ (၁) ရက်နေ့တွင် မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁ဝဝ၅) ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)