မြောင်းမြ သြဂုတ် ၉
၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် မြောင်းမြမြို့နယ်မှ ၆ ဘာသာဂုဏ်ထူးရှင် ၅ ဦး အပါအဝင် ၁၄၈၂ ဦးဖြေဆို အောင်မြင်ကြကြောင်း သိရသည်။
မြောင်းမြတစ်မြို့နယ်လုံး ၆ ဘာသာ ဂုဏ်ထူးရှင် (၅)ဦး ၊ ၅ ဘာသာ ဂုဏ်ထူးရှင် (၅)ဦး ၊ ၄ ဘာသာ ဂုဏ်ထူးရှင် (၇)ဦး ၊ ၃ ဘာသာ ဂုဏ်ထူးရှင် (၂၉)ဦး ၊ ၂ ဘာသာ ဂုဏ်ထူးရှင် (၅၈)ဦး ၊ ၁ ဘာသာ ဂုဏ်ထူးရှင် (၁၉၁) ဦး အပါအဝင် အောင်မြင်သူပေါင်း ၁၄၈၂ ဦး ရှိကာ ရာခိုင်နှူန်းအားဖြင့် ၂၈.၈၃% အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့ပေါ်စာစစ်ဌာန (၈)ခု၊ ကျေးရွာ စာစစ်ဌာနများ၌(၇)ခု ၊ စုစုပေါင်း စာစစ်ဌာန(၁၅) ခုတို့တွင် ကျောင်းသူ၊ ကျောင်းသားပေါင်း (၅၁၄၀) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)