ဟားခါး မတ် ၂၇
ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက်နေ့က ဟားခါးမြို့သို့ လာရောက်ကြသည့် ခရီးသွားပြည်သူများကို ဟားခါးမြို့အဝင် လုံခြုံရေး စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများနှင့် ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့အဝင် လုံခြုံရေး စစ်ဆေးရေးဂိတ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ၊ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းများ ပြည်နယ်သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းလိုင်စင် ညှိနှိုင်းမှုဦးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်နှင့် ဝန်ထမ်းများ၊ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်ဦးနှင့် ဝန်ထမ်းများ ပူးပေါင်းပါဝင်လျက် မော်တော်ယာဉ်များပေါ်တွင်စီးနင်းလိုက်ပါလာကြသည့် ခရီးသွားပြည်သူများကို ကျန်းမာရေး စောင့်ကြည့်စစ်ဆေးခြင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာ ထားသည့် ပြည်သူလူထုထံသို့မေတ္တာရပ်ခံပန်ကြားချက်များနှင့် ညွှန်ကြားချက်များအား ခရီးသွားပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခြင်းနှင့် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ နှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန် ပညာပေးကိစ္စရပ်များကို ခရီးသွာပြည်သူ တစ်ဦးချင်းစီအား ဆွေးနွေးပြောကြားကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ်သည့် လုပ်ငန်းများအောင်မြင်မှုရရှိစေရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)