တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

 

 

တာလေ ဇွန် ၄

 

တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊ အစက်ချဆေးတိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့ ၊ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။

 

“ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကလေးမိခင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း (Mask) ကိုတပ်ဆင်စေပြီး ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊ အစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများကို ညွှန်ကြားချက် များနှင့်အညီ စနစ်တကျဖြစ်စေရန် တာလေတိုက်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်နန်းစိန်ဦးက အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ကြပါတယ် ” ဟု နားအွန် ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမဒေါ်ခင်ခင်ရီက ပြောသည်။

တာလေမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယို ကာကွယ်ဆေးထိုးခြင်း၊ အစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်း အစီအစဉ်တွင် ကလေးငယ်များ အား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး ၊ bcg ကာကွယ်ဆေး၊ pcv ငါးမျိုးစပ် ကာကွယ်ဆေး၊ penta ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေး ၊ ပိုလီယိုကာကွယ်ဆေး၊ opv ပိုလီယိုအစက်ချကာကွယ်ဆေးထိုးခြင်း၊ အစက်ချ ကာကွယ်ဆေး တိုက်ကျွေးခြင်းများနှင့် ကလေးငယ်များကို လစဉ်ပုံမှန် ပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

အလားတူ မိုင်းလင်း(အနောက်)ကျေးရွာ အုပ်စုအတွင်းရှိ ပါလိုင်ကျေးရွာရှိ၊ မိုင်းလင်း ဆေးခန်းတွင်လည်း ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုအစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်းများနှင့် ပေါင်ချိန်ခြင်းများ လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တာလေ (ပြန်ဆက်)