မတူပီ မတ် ၂၇
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဖျား တိုင်းတာခြင်း၊ ဆေးပက်ဖြန့းခြင်း၊ အသိပညာပေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လူထူတပ်ရာ မတူပီမြို့၊ စန်ဘောင်လမ်းစုံ၊ ရှစ်လမ်းစုံနှင့် မြို့အဝင်/အထွက်တို့တွင် အဖျားတိုင်းတာခြင်း လုပ်ငန်းများ၊ အသိပညာပေးပိုစတာများစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်ပြီး မတူပီမြို့အတွင်းရှိ ဟိုတယ်များနှင့် တည်းခိုဧည့်ရိပ်ခန်းများတွင် ပိုးသတ်ဆေးပက်ဖြန်းခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ကျော်၊ မတူပီမြို့နယ်တာဝန်ခံဒေါက်တာသစ်လွင်သိမ်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အရှန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မတူပီမြို့ရှိ ဘုရားရှိခိုးကျောင်းများ၊ လက်ထပ်မင်္ဂလာ ထိမ်းမြှားခြင်းများ၊ ရိုးရာပွဲတော်များနှင့် လူစုဝေးရာများကို မပြုလုပ်ရန် တားမြစ်ထားပြီး ပြည်ပနိုင်ငံများမှ မတူပီမြို့သို့ ရောက်ရှိလာသူများကို မတူပီမြို့၊ ပြည်သူ့ဆေးရုံ၌ (၁၄)ရက်ကြာ စနစ်တစ်ကျ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)