တာလေ ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာလေမြို့ဒေသခံပြည်သူများ နှစ်စဉ် ပုံမှန်ဝင်ငွေရရှိလျက်ရှိသည့် ဒေသထွက်ရာသီပေါ် တညင်းသီးများကို မြို့ပေါ်နှင့် ကျေးလက်နေ တိုင်းရင်းသားများအချို့မှ နေအိမ်ခြံဝင်းများနှင့် ဥယာဉ်ခြံမြေများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် တညင်းသီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ ဈေးကောင်းရောင်းချရ၍ မိသားစု အပိုဝင်ငွေရရှိလျက်ရှိသည်။
ဒေသထွက် ရာသီပေါ်တညင်းသီးများကို နေအိမ်ခြံဝင်းများနှင့် ဥယာဉ်ခြံမြေများတွင် ဒေသခံ တိုင်းရင်းသားများအချို့မှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် တညင်းသီးများ လှိုင်လှိုင်ပေါ် နေလျက်ရှိရာ ယခုဆွတ်ခူးရောင်းချသူများက တစ်ကီလို ဖေါက်သည် ရောင်းဈေး ထိုင်းဘတ်ငွေ (၈)ဘတ်မှ (၁၀)ဘတ်အထိ ဈေးကောင်းရောင်းချရပြီး ဝင်ငွေရရှိလျက်ရှိသည်။
တာလေမြို့တွင် “ဒေသတွင်းထွက်ရှိသည့် ရာသီပေါ် တညင်းသီးများကို လူနေအိမ်ခြံဝင်းများ အတွင်း အရိပ်ရသစ်ပင်များအဖြစ် စိုက်ပျိုးကြပြီး ဥယာဉ်ခြံမြေများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းအပြင် စီးပွားဖြစ်စိုက်ပျိုးထားခြင်းဖြင့်လည်း အသီးပေါ်လျှင် မိသားစုအတွက် တစ်ဖက်တစ်လှမ်းမှ ဝင်ငွေရရှိကြောင်း ”ဒေသခံတစ်ဦးက ပြောသည်။
အောင်ကျော်မိုး( ပြန်/ဆက် )