တီးတိန် မတ် ၂၇
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန် မိမိတို့ ဆန္ဒအလျောက် အဆိုပြုထားသည့် ဆရာဝန် ၅ ဦးသည် မတ်လ ၂၅ ရက်နေ့က တီးတိန်မြို့သို့ ရောက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်သည့် ဆေးပစ္စည်းများ၊ လိုအပ်သည့်အထောက်အပံ့ ပစ္စည်းများကို ပေးအပ်ပြီး တာဝန်ခွဲဝေ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းအစီအစဉ်ရေးဆွဲကာ လူနာကို စောင့်ကြပ်ကြည့်ရှုခြင်း၊ ကပ်တဲလ်ကျေးရွာသို့ ကွင်းဆင်းခြင်း၊ လူနာနှင့်ထိတွေ့သောသူများနှင့် တီးတိန်ကို နိုင်ငံခြားမှပြန်လာသည့် သူများစာရင်းကောက် ယူခြင်း၊စောင့်ကြည့်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆရာဝန်များမှာ ဒေါက်တာနုန်းမွန်းထောန်၊ ဒေါက်တာလာလ်ရမ်ဇအို၊ ဒေါက်တာဘွေမန်းလျန်း၊ ဒေါက်တာဝတ်ရည်ဝင်းနှင့် ဒေါက်တာကောင်းမြတ်ဦးတို့ ဖြစ်ကြကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)