မိုင်းယောင်း ဇွန် ၉
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဇွန်လ ၈ ရက် နံနက် ၁ နာရီခွဲမှ စတင်ကာ နံနက် ၄ နာရီ ၄၅ မိနစ်အထိ မိုးသည်းထန်ခဲ့သောကြောင့် ဝမ်တပ်ကျေးရွာအုပ်စု ဝမ်လဲကျေးရွာ၏ အရှည် ၂၅ ပေ၊ အကျယ် ၁၅ ပေရှိ ရွာလယ်ကွန်ကရစ်တံတား မြေကျွံကျမှုဖြစ်ပွားခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါမိုးသည်းထန်မှုကြောင့် ဝမ်လဲကျေးရွာမှ နွား နှစ်ကောင်နှင့် ဝမ်ဒေကျေးရွာမှ နွား နှစ်ကောင် ရေစီးမျောပါသေဆုံးပြီး အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံအားကစားရုံ၏ အုတ်တံတိုင်းမှာ အရှည် ၃၂ ပေခန့် ပြိုကျပျက်စီးသွားကာ တံတား၊ နွားနှင့် အုတ်တံတိုင်းအပါအဝင် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၅ သိန်းခန့်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)