ပန်လုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းများ ထုတ်ပေးခြင်း ဆောင်ရွက်

 
ပန်လုံ ဇွန် ၉
 
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့ဦးစီးမှူးရုံးမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းများကို ပြုလုပ်ပေးအပ်ခဲ့ပါသည်။
 
ပန်လုံမြို့တွင် နေထိုင်ပြီး အိမ်ထောင်စုစာရင်းမရှိသူများ၊ ပြောင်းဝင်/ ပြောင်းထွက်ပြုလုပ်မည့်သူများကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုတွင် စာရင်းရှိသော်လည်းကိုင်ဆောင်လက်မှတ်မရှိသူများကိုလည်း စီမံချက်ဖြင့်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အိမ်ထောင်စု(၂၅)စုအား အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ခဲ့ကြောင်း မြို့ဦးစီးမှူး ဦးဆမ်စိုက်ထံမှ သိရသည်။
 
ပန်လုံ(ပြန်ဆက်)