ပျဉ်းမနားမြို့အရှေ့ခြမ်းရှိ တောင်ပေါ်ဒေသကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကြေညာထားမှုနှင့် မဲရုံများလျာထားဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ဒက္ခိဏသီရိ  ဩဂုတ် ၁၀

ဒက္ခိဏခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ပျဉ်းမနားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအရာရှိနှင့် အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ()နာရီတွင် ပျဉ်းမနားမြို့ အရှေ့ခြမ်းရှိ တောင်ပေါ်ဒေသဖြစ်သော သစ်တွန်းအုပ်စု၊ ဆန်းသစ်လွင်ကျေးရွာနှင့် မဲပေါက် အုပ်စု၊ ဂမုန်းတောင်ကျေးရွာများသို့ ကွင်းဆင်းပြီး မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှု အခြေအနေများနှင့် မဲရုံနေရာ လျာထားသတ်မှတ်ထားရှိမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းနှင့် စပ်လျဉ်း၍၊ တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်စွက် ဆောင်ရွက်ပေးခဲ့ကြသည်။

ပျဉ်းမနားမြို့အရှေ့ခြမ်းရှိ တောင်ပေါ်ဒေသဖြစ်သော သစ်တွန်းအုပ်စုတွင် မဲဆန္ဒရှင် စာရင်း(၄၀၄၆)ဦး ရှိပြီး မဲရုံ()ရုံ၊ မဲပေါက်အုပ်စုတွင် မဲဆန္ဒရှင်စာရင်း(၁၀၅၂)ဦးရှိပြီး မဲရုံ()ရုံ လျာထား ဆောင်ရွက်ထားပြီး ပျဉ်းမနားမြို့နယ်အနေဖြင့် မဲဆန္ဒရှင်စာရင်း (၁၂၇၆၅၆)ဦး၊ မဲရုံစုစုပေါင်း(၉၈)ရုံဖြင့် လျာထား ဆောင်ရွက်ထား ရှိကြောင်း သိရသည်။

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)