တွန်းဇံမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ဘာသာရေး ခေါင်းဆောင်များတွေ့ဆုံ

တွန်းဇံ ဇွန် ၁၀

တွန်းဇံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ အဖွဲ့ဝင်များနှင့် ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

အခမ်းအနားတွင် တွန်းဇံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးချိုလင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျန်မာရေး ဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်က တွန်းဇံမြို့နယ် အတွင်း လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအခြေအနေ၊ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ကိုဗစ်-၁၉ရောဂါ ရှာဖွေရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အခြေအနေကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဘာသာရေးအသင်းတော် ခေါင်းဆောင်များက လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ရှာဖွေရာတွင် မိမိတို့အသင်းတော်များအလိုက် မိမိတို့အသင်းတော်ကို ယုံကြည်ကိုးကွယ်သည့် ပြည်သူများအား စည်းရုံးပြီး မိမိတို့အသင်းတော်အလိုက် စည်းရုံးဆောင်ရွက်ပြီး ကိုဗစ်-၁၉ရောဂါ ရှာဖွေ၍ ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြမည် ဖြစ်ကြောင်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

လက်ရှိတွန်းဇံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိပြီး ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသသူနည်းပါးလျက်ရှိသဖြင့် ကိုဗစ်-၁၉ရောဂါ ရှဖွေတွေ့ရှိမှု နည်းပါးလျက်ရှိသည်။ လက်ရှိတွင် အများအားဖြင့် ပြည်သူများသည် ကိုဗစ်-၁၉ရောဂါ အမည်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ Quarantine Center တွင် သွားရောက်နေထိုင်ရန် ကြောက်ရွံ့ခြင်းစသည့် အချက်များကြောင့် ကိုဗစ်-၁၉ရောဂါ ဟုတ်/မဟုတ် စမ်းသပ် စစ်ဆေးမှု မပြလုပ်ဘဲ ဖျားနာနေပါက မိမိတို့အစီအစဉ်ဖြင့် ဆေးဝါးများ ဝယ်ယူ ကုသ လျက်ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)