နမ့်ဆန်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရှင် တစ်ဦး အပါ အဝင် အောင်မြင်သူ ပေါင်း(၁၅၀)ခန့်ရှိ

နမ့်ဆန် ဩဂုတ် (၁၀)

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်း ဖြေဆိုထားသည့် ကျောင်းသား/သူများမှ ဖြေဆိုအောင်မြင် (၁၅၀)ဦးနှင့် (၅)ဘာသာ ဂုဏ်ထူး ရှင်တစ်ဦး အပါအဝင် ဂုဏ်ထူးရရှိသူပေါင်း  (၁၉)ဦးခန့်ရှိကြောင်း သိရသည်။

နမ့်ဆန်တစ်မြို့နယ်လုံးရှိ အထကကျောင်း(၈)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၁)ကျောင်း စုစုပေါင်း ကျောင်း ပေါင်း (၉) ကျောင်း မှ ဝင်ရောက်ဖြဆိုသူ ကျောင်းသားသူ (၈၃၈)ဦးရှိရာမှာ ကျား(၄၃)ဦး၊ မ(၁၀၇)ဦး စုစုပေါင်း အောင်မြင်သူ(၁၅၀)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၁၇.၉)ခန့်ရှိကြောင်းသိရသည်။ အောင်မြင်သူများထဲတွင် (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာ ဂုဏ်ထူး ရှင်(၄)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၉)ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၉)ဦးခန့်ရှိကြောင်း သိရသည်။  

ဦးအောင်မိုး (နမ့်ဆန် ပြန်/ဆက်)