မိုင်းစံမြို့၌ (၂) လ မှ တစ်နှစ်ခွဲ ကလေးများအား ကာကွယ်ဆေး ထိုးခြင်း/တိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်

 

မိုင်းစံ        ဇွန်     ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့ခရိုင်၊ မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ခြင်း/တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်း/တိုက်ခြင်းလုပ်ငန်းများတွင် ၂လ မှ ၁နှစ်ခွဲအောက် ကလေးများအား မိုင်းရှူးမြို့နယ်(ဝမ်ဆော့) ကျေးရွာမှ ဒေါ်နန်းချောစုလှိုင်၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဦးစီးသော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည်ပုံမှန်ကာ ကွယ်ဆေးထိုးခြင်း တိုက်ခြင်း ၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ) ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်- အသည်းရောင် အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုး စပ်ကာကွယ်ဆေး) ၊ကိုယ်ဝန်ဆောင်မိခင် မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။


 

ခင်ချို  ( ပြန်/ဆက်)