ပင်းတယမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ

ပင်းတယ      ဩဂုတ်   ၁၀

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ၂၀၂၀ ပြည့်နှစ် ၊ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့တွင်းလမ်းဆုံ နေရာများနှင့် မင်းလမ်းမတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲမှူးမင်းသိန်း၊ (ယာယီ)စခန်းမှူး ရဲအုပ်သက်ဆွေနှင့် အဖွဲ့ဝင်များက မော်တော်ယာဉ် နှင့် မော်တော် ဆိုင်ကယ်မောင်းနင်သူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ရှောင်ရန်/ ဆောင်ရန်များနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းလိုက်သော ယာဉ်စည်း ကမ်း လမ်းစည်းကမ်း ဥပဒေဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားပြီး ယာဉ် အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ယခုပြုလုပ်သည့် အသိပညာပေးခြင်း လုပ်ငန်းများကို ယာဉ်တိုက်မှုများ လျော့နည်းလာ စေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပညာပေးကာလအဖြစ် သတ်မှတ်ဆောင် ရွက်ကာ သတ်မှတ်ကာလ ပြည့်မြောက်ပါက အမှန်တကယ် စစ်ဆေးအရေးယူသွား မည်ဖြစ် ကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)