ပြင်ဦးလွင်မြို့တွင် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်

ပြင်ဦးလွင် ဩဂုတ်  ၁၀ 

ပြင်ဦးလွင်မြို့သန့်ရှင်းသာယာလှပစေရေးအတွက်  မိုးတွင်းကာလများတွင် ပြင်ဦးလွင်မြို့ရှိ လမ်းဘေးဝဲယာတစ်လျှောက်တွင်  ရေကောင်းမွန်စွာစီးဆင်းစေရန် ရေနုတ်မြောင်း များကို တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေရာအနှံ့  ဆက်လက်ဆောင်ရွက်လျက် ရှိသည်။   

‌ပြင်ဦးလွင်မြို့သည် ရာသီဥတုကောင်းမွန်ပြီး   မိုးရာသီတွင်  မိုးရွာသွန်းမှုများသဖြင့် လမ်းများ၊ အိမ်များနှင့်  မြေအနိမ့်ပိုင်းများတွင် ရေမဝပ်စေရန် လမ်းဘေးဝဲယာ၌  ရေနုတ် မြောင်းများကိုတူးဖော်၍  စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသည်။

ယခုလို လမ်းများအဆင့်မြှင့်တင်ပြီး  လမ်းဘေးဝဲယာတို့၌  ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းကြောင့် မိမိတို့ရပ်ကွက်များအတွင်း  မိုးရေများမဝင်ခြင်းနှင့် မြေ အနိမ့်ပိုင်းအများတွင် ရေများမရှိခြင်းတို့ကြောင့် ကျန်းမာရေးအတွက်အထောက်အကူပြုပြီး  နေထိုင်သွားလာသူများအနေဖြင့် အလွန်ပင်သွားလာရေး လွယ်ကူ အဆင်ပြေပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် ( ပြင်ဦးလွင် )