ပန်းတနော် သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက် ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်တွင် ဂျပန်ပညာတော်သင် ကျောင်းသားဟောင်းများအသင်း (Myanmar Rotary Yoneyoma Alumni Association)မှ ယမန်နေ့ မွန်းလွဲ ၁၂နာရီတွင် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းကို ပန်းတနော်မြို့နယ်တွင် တည်ဆောက်လျက်ရှိသော ဦးသန့်အထိမ်းအမှတ် စာကြည့်တိုက်နှင့် ပြတိုက်အတွက် (Myanmar Rotary Yoneyoma Alumni Association) ဂျပန်ပညာတော်သင် ကျောင်းသားဟောင်းများအသင်းမှ အလှူငွေကျပ် (၁၀၀၀၀၀၀)အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးချမ်းအောင်(ပြန်/ဆက်)