လားရှိုး ဩဂုတ် ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရန်တိုင်းအောင်မြို့ဦးစေတီတော်၌ ယနေ့ နံနက်(၉)နာရီအချိန်က ၁၃၈၂ ခုနှစ် ပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး ဆိုင်ရာ အမိန့်ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ လားရှိုးမြို့ မဟာဗောဓါရုံကျောင်းတိုက် ပဓါနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တနာရဒ (မဟာဂန္ထဝါစက ပဏ္ဍိတ)ထံမှ ငါးပါးသီလခံယူကြပြီးလျှင် လားရှိုးမြို့ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတိုက် ပဓါနနာယ က နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တ ဥတ္တမ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ ရေစက်ချအနုမောဒနာ တရားခံယူကြသည်။
လားရှိုးမြို့ရှိ ကျောင်းတိုက်(၉၁)တိုက်မှ ဝါဆိုတော်မူကြမည့် သံဃာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ ဝါဆိုဦးသင်္ဃန်းအား ဆက်ကပ်လှူဒါန်းပွဲသို့ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့်ဇနီး၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ အရှေ့မြောက် တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တွဲဘက်ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ များ ၊အလှူရှင်များ၊ ရန်တိုင်းအောင်ဆုတောင်းပြည့်စေတီတော် ဂေါပကဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၁၃၈၂ခုနှစ် စုပေါင်းဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲ၌ လားရှိုးမြို့ရှိ ကျောင်းတိုက်(၉၁)တိုက်အတွက် ဝါဆိုသင်္ဃန်းနှင့် ဆက်ကပ်နဝကမ္မဝတ္တုအလှူငွေ စုစုပေါင်း ငွေကျပ်(၅၂)သိန်းကျော် ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော်အရှင် သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)