ငရုတ်ကောင်း သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့အတွင်းရှိ ပြည်သူများနိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် စစ်တမ်းကောက်ယူခြင်းကို ယနေ့တွင် အမှတ် ၁ ရပ် ကွက်နှင့် အမှတ် ၂ ရပ်ကွက်တို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်များ၏ မဲစာရင်းတွင် ထည့်သွင်းရမည့် အချက်အလက်များတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သြဂုတ်လ ၁၂ ရက်နေ့တွင် လာရောက်ပြုလုပ်ပေးမည် ဖြစ်သောကြောင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်နိုင်ရေး စစ်တမ်းကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်ရကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)