တံတားဦး ဩဂုတ် ၁၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက Online မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ (၅၅၉) ဦး အောင်မြင်ခဲ့ကြောင်း သိရသည် ။
၂၀၂၀-ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တံတားဦးမြို့နယ်အနေဖြင့် စာစစ်ဌာန (၄) ခု၌ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသူပေါင်း (၂၀၇၂) ဦးရှိသော်လည်း ဝင်ရောက်ဖြေဆိုသူပေါင်း (၁၉၄၂) ဦးရှိရာ အောင်မြင်သူပေါင်း ( ၅၅၉) ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း (၂၈ဒသမ ၇၈) ရာခိုင်နှုန်းရှိပါကြောင်း သိရသည်။
၂၀၂၀-ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူများတွင် လေးဘာသာဂုဏ်ထူးဖြင့်အောင်သူ (၃) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၉) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၅၆) ဦး ၊ စုစုပေါင်းဂုဏ်ထူးဖြင့်အောင်မြင်သူပေါင်း (၉၀) ဦးရှိခဲ့ပါကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးရေခဲထံမှ သိရသည်။
အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် တာဝန်ရှိသူများမှ ကြီးကြပ်မှုများဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ရဲတင့်(တံတားဦး)