ကရသူရိ သြဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကော့သောင်းမြို့မှ လွှဲပြောင်းပေးအပ်သည့် ပြည်ပမှပြန်လာသူ (၂၈) ဦးကို ကရသူရိမြို့ အမှတ် (၁) ရပ်ကွက်၊ ဓမ္မာရုံ Community Based Facility Quarantine တွင် (၂၁) ရက် စောင့်ကြည့်ထားလျက် ရှိကြောင်း သိရသည်။
အဆိုပါ လွှဲပြောင်းပေးအပ်လာသူများအား သက်ဆိုင်ရာများလိုက်ပါ၍ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ကာ လွှဲပြောင်း၊ လက်ခံရယူခဲ့ကြောင်း သိရသည်။ အဆိုပါ Community Based Facility Quarantineတွင် (၂၁) ရက် စောင့်ကြည့်ခံထားရသူများကို မြို့အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်လျက်ရှိပြီး (၂၁) ရက်ပြည့်ပါက မိမိနေရပ်သို့ ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)