မြစ်သား သြဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ " Reorientation Training For PHS2 Through Mobile Tablets " မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုက ပြည်သူလူထုအကြား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဝန်ထမ်းများ၏ ပြည်သူလူထုအတွင်း ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည် မြှင့်တင်ပေးရန်အတွက် Mobile Tablets" အသုံးပြုပြီး Training ပေးခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
သင်တန်းတွင် သင်တန်းဆရာများအဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစန္ဒီစုကြည်နှင့် ကျန်းမာရေးမှူး ဦးအာကာဖြိုးတို့က သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းကို သြဂုတ် ၁၀ မှ ၁၄ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအချိန်ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့မြစ်သားမြို့နယ် အတွင်းရှိ ကျန်းမာရေးကြီးကြပ် (၂) သင်တန်းသား၊ သင်တန်းသူ (၄၂) ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ဆုမွန်(ပြန်/ဆက်)