၂၀၂၀ပြည့်နှစ်၊ မတ်လ တက္ကသိုလ်ဝင်စာမေးပွဲတွင် တနင်္သာရီမြို့နယ်တွင် စာစစ်ဌာန (၄) ခုမှ (၁၈၅၃) ဦးဖြေဆိုရာ (၃၅၉) ဦး အောင်မြင်သဖြင့် အောင်ချက် (၁၉ဒသမ၃၇) ရာခိုင်နှုန်း ရရှိခဲ့

တနင်္သာရီ ဩဂုတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄) ဌာနမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၈၅၃) ဦး ဝင်ရောက်ဖြေဆိုရာ တနင်္သာရီမြို့နယ်မှ ကျောင်းသူ၊ ကျောင်းသား (၃၅၉) ဦး အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်တွင် အ.ထ.က-တနင်္သာရီ၊ အ.ထ.က-တကူ၊ အ.ထ.က-ညောင်ပင်ကွင်းနှင့် အ.ထ.က-မော်တုန်း စသည့် စာစစ်ဌာန () ဌာနမှ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၈၅၃) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ () ဘာသာဂုဏ်ထူးရှင် () ဦး၊ () ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၆) ဦးနှင့် ရိုးရိုးအောင် (၃၃၆) ဦး စုစုပေါင်း (၃၅၉) ဦး အောင်မြင်သဖြင့် တစ်မြို့နယ်လုံး၏ အောင်ချက်ရာနှုန်းမှာ (၁၉ ဒသမ၃ ၇) ဖြစ်သည်။ ယခင်(၂၀၁၉) ခုနှစ်က (၂၃ ဒသမ၁၄) ရာနှုန်းအောင်မြင်မှု ရှိခဲ့သဖြင့် ယခုနှစ်တွင် အောင်ချက်အနည်းငယ်လျော့နည်းခဲ့ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမြတ်ဦးထံမှ သိရှိရသည်။

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် () နာရီမှစပြီး ညနေ () နာရီအထိ မြို့နယ်ပညာရေးမှူးရုံး ကြေညာသင်ပုန်းနှင့် သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာလ လမ်းညွှန်ချက်များအတိုင်း ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကပ်ထားကြေညာပေးထားပြီး၊  အောင်စာရင်းလာရောက်ကြည့်ရှုမည့် ကျောင်းသူ၊ ကျောင်းသားများ၊ ကျောင်းသား မိဘ၊ ညီအစ်ကိုမောင်နှစ်မများကို ကိုဗစ်-၁၉ ကာလ လမ်းညွှန်ချက်များအညီ Mask တပ်ဆင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦးတိုးဝှေ့ခြင်းမပြုဘဲ သတ်မှတ်အကွာအဝေး () ပေမှ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ကျောင်းအုပ်ကြီးများထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)