၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကန်ကြီးထောင့်မြို့နယ်မှ ဂုဏ်ထူးရှင် ၃၂၈ ဦးထွက်ပေါ်

ကန်ကြီးထောင့်  ဩဂုတ် ၁၀

၂၀၂၀ ပြည့်နှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဩဂုတ် ၉ ရက် ၊ နံနက် ၁၂ နာရီ ၃၀ မိနစ်မှစ၍ အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်‌ခဲ့ပြီးနောက် ယနေ့ နံနက် ၉ နာရီမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခုတွင် အောင်စာရင်းများကို ကပ်ထား‌ကြေညာပေးထားခဲ့ပါသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခုတွင် ကျင်းပပြုလုပ်ခဲ့သည့်  ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၁၆၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ရိုးရိုး အောင်မြင်သူ (၆၂၅) ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၂၀၃ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၀၀ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၂၃ ဦး၊ ၄ ဘာသာဂုဏ် ထူးရှင် ၂ ဦး စုစုပေါင်း ဂုဏ်ထူးရှင် (၃၂၈) ဦး တို့ထွက်ပေါ်ခဲ့ပြီး တစ်မြို့ နယ်လုံး အောင်ချက်ရာခိုင်နှုန်းမှာ ၃၀ ဒသမ ၁၄ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)