မိုင်းပန် ဩဂုတ် ၁ဝ
၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် အဖြစ် မိုင်းပန်မြို့နယ်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ဇူလိုင်လ (၂၅) ရက်မှစ၍ ထုတ်ပြန် ကြေညာ ထားရာ ဩဂုတ်လ (၉)ရက်နေ့အထိ မဲစာရင်းကပ်ထားရာနေရာသို့ လာရောက်ကြည့်ရှု၍ ပြင်ဆင်ရန်အတွက် လျှောက်ထားမှုများရှိကြောင်းသိရသည်။
မိုင်းပန်မြို့နယ်တွင် ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၉) ရက်နေ့အတွင်း အဆိုပါမဲစာရင်း၌ အမည် စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထား သူ (၂၇၈)ဦး၊ မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ(၅၁)ဦး၊ မဲစာရင်းတွင် ကိုယ်ရေးအချက်အလက် မှားယွင်းသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန်လာရောက်လျှောက်ထားသူ (၁၁၂)ဦး ရှိကြောင်းသိရသည်။ မိုင်းပန်မြို့ နယ်ရှိ ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁ဝ) အုပ်စုတို့တွင် မဲရုံ(၃၁)ရုံရှိပြီး လက်ရှိစာရင်းများအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၂၆၇၁)ဦး ရှိကြောင်း မိုင်းပန်မြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးမှ သတင်း ရရှိသည်။
မိုင်းပန် (ပြန်/ဆက်)